ကျွန်တော့်ကွန်ပျူတာမှာ mozilla, google chrome , IE အဲဒါတွေဘာမှဖွင့်မရတော့လို့ဘာမှသုံးမရတော့ပါဘူး ဘာဖြစ်သွားတာလဲဆိုတာမန့်ပေးပါဥိး။
- ကီး ကီး ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပိုးကြောင့်ပါ။ ပိုးပဲလို့ အတိကျတော့ မပြောရဲပါဘူး။ intivirus တစ်ခုခုနဲ့ အရင် full scan လုပ်ကြည့်ပါ။ Firewall တွေကို အားလုံး on ထားပါ။
၁။ တစ်ခုခု windows ကနေလက်မခံတဲ့ software တွေ အတင်း install လုပ်မိရင် (ဥပမာ - Crack file ) windows security က နေ firewall ပိတ်လို့ အင်တာနက် ချိတ်မရပဲ ဖြစ်တတ်ပါတယ်။
၂။ နောက်တစ်ခုက တစ်ခုခု uninstall လုပ်ပြီး ကွန်ပျူတာ restart ချရာကနေ အင်တာနက် သုံးမရတာတွေဖြစ်တတ်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ အလွယ်ဆုံး system restore ပြန်လုပ်လိုက်ပါ။
၃။ အင်တာနက် connection ကိုသေချာစစ်ကြည့်ပါ။ အင်တာနက် ချိတ်လို့ရတဲ့ ပုံပေါ်ပေမယ့် no internet access or limited ပြပြီး သုံးမရဖြစ်တတ်ပါတယ်။
တကယ်လို့ ဒါတွေလည်းမဟုတ်ဘူးဆိုရင်တော့ error ကို ပုံလေးလုပ်ပြီး အတတ်နိုင်ဆုံးတင်ပေးလိုက်ပါ။ error ကိုကြည့်ပြီး ဆက်ဖြေကြတာပေါ့




No comments:
Post a Comment